(၄)နွေဦးကာလမြူထသောအခါ
နွေဦးကာလ ၊ မြူထသောအခါ
ရင်းထောင်ရင်းဆွဲ ၊ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင် ၊ ရွှန်းမြိုင်မြိုင် ကလိုင်သာလွယ်လို့
တက်သည်နှင့်လေး။
ထန်းပင်ထန်းလက် ၊ ထန်းရွက်ကယ်ဝေေ၀
စင်အောင်ခုတ်ထစ် ၊ နုမြစ်ကယ်ထန်းဦးရေ မယားငယ်ဆွေ
၊ ထန်းရေသိမ်းဆည်း
သားမြစ်ဟစ်ကျော် ၊ ခွေးဝက်ကယ်ခေါ်
ထန်းလျှော်သာ
ယုန်ပိုက်စည်းငယ်နှင့်လေး။
ခေါ်သံရိုက်ဟည်း ၊ လူလည်းကြော်ငြာ
ခွေးဟစ်လူဟစ် ၊ ခတ်ပစ်ကယ်ခြောက်သောအခါ ပုတတ်ကယ်ယုန်ခါ ၊
တောမှာရှိကြ
ငုံး ကြက်ကယ် ဖွတ် မြွေ၊ ၀ံပုလွေ
မနေထွက်လာကြသည်တည့်လေး။
ဝမ်းသာအားရ ၊ မယားကတစ်သွယ်
ဟင်းရွက်ဆိုးကောင်း ၊ သောင်းပြောင်းရော၍လွယ်
လင်ကတစ်သွယ် ၊ ယုန်ငယ်ကစ
တောသတ္တ၀ါ ၊ တွေ့တိုင်းကိုသာ
အိတ်မှာသာယူ၍ ချသည်နှင့်လေး။
သို့နှင့်ရောက်က ၊ ခဏအောင့်လျှင်
တံစို့ထက်နှင့် ၊ ထန်းလျက်ဖိုမှာကင် ဟင်းအိုးဆူလျှင်
၊ အကင်ခတ်ပြီး
အိုးကင်းနှင့်လှော် ၊ ရေနှင့်ကြော်
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။
နှီးဒေါင်းလန်းကြီး ၊ ခူးပြီးသောခါ
သမီးနှင့်သား ၊ များလို့မ၀င်သာ
ဒူးတစ်ဖက်ဟာ ၊ တွန်းကာဖယ်လျက်
သူ့ထက်ငါလေ ၊ စားတော့မည်စေ
စားပေသာလှအုန်းခွက်ကယ်နှင့်လေး။
ငုံ့လျက်ကိုယ်စီသာ
ဆုပ်ကာလွေးတော့သည်။ ပြီးလျှင်ရေမရျာ
ခွေးသာကြွေးတော့သည်။
တျာချင်း ညောင်ရမ်းခေတ် ၀န်ကြီးပဒေသရာဇာ
ခက်ဆစ်အဖွင့်
၁။မြူ =မြေလွှာအထက်ဝန်းကျင်၌
ရစ်ဆိုင်းနေတတ်သော အခိုးအငွေ့။
၂။ရင်းထောင် =ထန်းပင်၏ အောက်ခြေအရင်းမှ ထောင်တက်ရသော လှေကားငယ်။ ၃။ရင်းစွဲ =ထန်းပင်အထက်မှ အောက်သို့ တွဲလျားချ၍
ထန်းပင်နှင့် ကပ်ချည်ထားသော ထန်းတက်
လှေကားငယ်။ ၄။ဓားနှီး =ထန်းလှီးဓား။
၅။ကလိုင် =ထန်းပြင်ရာတွင်
ထန်းလက်ကို ထန်းပင်လုံးမှကွာအောင် ထိုးကလန့်ပြီး ထန်းသမား
ထိုင်ရသော တုတ်ချောင်း။
၆။ထန်းလျှော် =ထန်းလက်မှခွာယူထားသော
အခေါက်ကြော။ ၇။ယုန်ပိုက်စည်း =ယုန်ထောင်ရန် ပိုက်တန်းစည်း။
၈။ရိုက်ဟည်း =ဟိန်း၍ပြန့်နှံ့သည်။
၉။သောင်းပြောင်း =အရောရော။အနှောနှော။
၁၀။တံစို့ =မီးကင်ရန် သားငါးထိုးလျှိုရသော အဖျားချွန်
အချောင်းအတံ။
၁၁။နှီးဒေါင်းလန်း =၀ါးနှီးကို ရက်လုပ်ထားသော ခြေထောက်တပ်ဗန်းကြီး။ ၁၂။လွေး =အားးရပါးရ စားသောက်သည်။
အောက်ပါ
ဝေါဟာရ တို့ကို ၀ါကျအသီးသီးတွင် သုံးပြပါ။
၁။မြူ =နွေဦးတွင် မြူများ ရစ်ဆိုင်းနေတတ်သည်။
၂။ထန်းလျော် =ထန်းလျော်ဖြင့်ယက်လုပ်ထားသောပိုက်သည်
အလွန်ခိုင်ခံ့သည်။ ၃။သောင်းပြောင်း =ကိုအောင်ဆန်းသည် စာအုပ်များကို သောင်းပြောင်းထည့်ယူလာသည်။ ၄။တံစို့ =စားဖိုမှုးကြီးသည် အသား ငါးများကို
တံစို့ထိုး၍ မီးကင်နေသည်။ ၅။နှီးဒေါင်းလန်း =ရှေးမြန်မာတို့သည် ထမင်းစားသောအခါ နှီးဒေါင်းလန်းဖြင့်
စားလေ့ရှိကြသည်။ ၆။လွေး =လယ်သမားကြီးသည် အလွန်ဆာလောင်နေသောကြောင့်
ထမင်းကို အားရပါးရ
လွေးတော့သည်။
မေးခွန်းတို
“နွေဦး ၊ ၀န်ကြီး ၊ တျာချင်း ပြီး ၊ ညောင်ရမ်းခေတ်
စီး ၊ နတ်ရှင်ကြီ။”
၁။“နွေဦးကာလ မြူထသောအခါ”
ကို မည်သူရေးသနည်း။
“၀န်ကြီးပဒေသရာဇာ” ရေးပါသည်။
၂။“နွေဦးကာလ မြူထသောအခါ” သည် မည်သည့် ကဗျာအမျိုးအစားဖြစ်သနည်း။ “တျာချင်း”
ကဗျာ အမျိုးအစား ဖြစ်ပါသည်။ ၃။“နွေဦးကာလ
မြူထသောအခါ” ကို မည်သည့် ခေတ် တွင်ရေးသနည်း။ “ညောင်ရမ်းခေတ်”
တွင်ေ၇းပါသည်။
၎။”၀န်ကြီးပဒေသရာဇာ” ၏ ကျော်ကြားသော “ပျို့” အမည်ကို ဖေါ်ပြပါ။
“သူဇာပျို့” ဖြစ်ပါသည်။
၅။”သူဇာပျို့” သည် မည်သည့်ဆောင်ပုဒ်ဖြင့် ကျော်ကြားသနည်း။
“စာနုကိုလည်း မချစ်နှင့် ၊ သူဇာကိုလည်းမပြစ်နှင့်” ဟူသော ဆောင်ပုဒ်ဖြင့် ကျော်ကြားပါသည်။
၆။ “စာနုကိုလည်း
မချစ်နှင့် ၊ သူဇာကိုလည်းမပြစ်နှင့်” ဟူသော အဓိပ္ပာယ်ကို ရှင်းပါ။ “စာနုကိုချစ်သောသူသည် သူဇာကိုပြစ်ပယ်၍ မရနိုင်
“ ဟု ဆိုလိုပါသည်။ ၇။”ပျို့” ဟူသည်မှာ အဘယ်နည်း။
“ပျို့” ဟူသည်မှာ “လေးလုံးစပ် လင်္ကာရှည်”
ဖြစ်ပါသည်။