အောက်ပါတို့ကို သချာင်္နာမ်စားအဖြစ်ဝါကျ၌ သုံးပြပါ
တစ်ခု သုံးစင်း အချို့
ဤမေးခွန်းကိုဖြေဆိုရာတွင် သတိပြုရမည့်အချက်များမှာ
ပေးထားသော စကားလုံး များသည် သချာင်္နာမ်စား အဖြစ် ရော သချာင်္နာမဝိသေသနအဖြစ်ရော သုံးနိုင်သည့် စကားလုံးများဖြစ်သည် ဝါကျအသုံးကိုလိုက်၍ အမျိုးအစားကွဲပြားသည်
ပေးထားသော စကားလုံးကို နာမ်ဖြင့်ကပ်မိပါက သချာင်္နာမဝိသေသန ဖြစ်သွားပေမည်
နာမ်စား အဖြစ် ဝါကျဖွဲ့ရာ၌ များသောအား ဖြင့် ပေးထားသော စကားလုံး၏ နောက်တွင် ကို အား မှာ စသည့် ဝိဘတ်များ ကပ်နေတတ်သည်
ဝါကျမှာ နှစ်ကြောင်းခွဲရေး၍လည်းရသည်
တစ်ကြောင်းတည်းကို စကားစပ်နှင့်ဆက်၍ ရေးလည်းရသည်
သာဓက
တစ်ခု
မမတွင် မုန့်နှစ်ခုရှိသည့်အနက် (တစ်ခု) ကို မောင်မောင်အားကြွေးလိုက်သည်
သုံးစင်း
မြစ်ကမ်းပါးတွင်သင်္ဘောများဆိုက်ကပ်လျက်ရှိသည်
(သုံးစင်း )မှာ စစ်သင်္ဘေများဖြစ်ကြသည်
အချို့
စာသင်ခန်းထဲတွင် ကျောင်းသားများရှိသည်
(အချို့ )မှာ စာကျက်နေကြသည်
Wednesday, November 12, 2014
နာမ်စား ဆိုင်ရာ မြန်မာသဒ္ဒာတတ်မြောက်မှုလေ့ကျင့်ခန်း
Tuesday, November 11, 2014
နာမ်ဆိုင်ရာ ကျွမ်းကျင်မူဆိုင်ရာမေးခွန်း ၆ မှတ်
အောက်ပါအသာလွန်ဆုံးအဆင့်နာမဝိသေသနအသီးသီးကို ဝါကျ၌သုံပြပါ
အငယ်ဆုံး အနီးဆုံး အလှဆုံး အတော်ဆုံး အမြန်ဆုံး
နာမ်အဖြစ်ဝါကျဖွဲ့လိုသောအခါ နာမ်အဖြစ်သုံးမည့် ဝေါဟာရသည် နာမ် နာမ်စား နာမဝိသေသန ကြိယာ ကြိယာဝိသေသန စသည်တို့နှင့် ကပ်လျက်မနေသည်ကို သတိပြုရပါမည်
များသောအားဖြင့် ဖွဲ့သောပုံစံမှာ အနက်------ မှာ တွင်----သည် စသည့်ဝိဘတ်နှစ်ခုကကြားတွင် ထား၍ ဖွဲ့လေ့ရှိသည်
သာဓက
ဦမြ၏ သားသမီးများအနက် အငယ်ဆုံး မှာ မမြဖြစ်သည်
ပတ်ဝန်းကျင်ရှိမြို့များအနက် အဖျောက်နှင့် အနီးဆုံး မှာ ဆကာကြီးဖြစ်သည်
မြန်မာစာ သဒ္ဒါပိုင်းမေးခွန်း (၁၅)မှတ် အတွက်လေ့ကျင့်ရန် ကျက်မှတ်ရန်များ
၁ စာ ၈ စာ နှင့် ဝါစင်္ဂ ၈မျိုး ကို သာဓကများနှင့်တကွ အပိုင်ကျက်မှတ်ရပါမည်
ဝါစင်္ဂ ၈မျိုးအား သာဓကနှင့်တကွ အပိုင်ကျက်နိုင်မှသာလျှင် မြန်မာသဒ္ဒါနားလည်မှုပိုင်းဆိုင်ရာမေးခွန်း ၄ မှတ်တန်နှင့် မြန်မာသဒ္ဒါ တတ်မြောက်မှုပိုင်းဆိုင်ရာမေးခွန်း ၆ မှတ်တန်တို့အား အမှတ်ပြည့်ရအောင်ဖြေဆိုနိုင်ပါလိမ့်မည်
အရန်အနေဖြင့် အက္ခရာပြောင်းလဲပုံများ နှင့် ဝါကျဆိုင်ရာများ ကိုကျက်မှတ်သင့်ပါသည်
မြန်မာသဒ္ဒါနားလည်မှုပိုင်းဆိုင်ရာမေးခွန်း ၄ မှတ်တန်နှင့် မြန်မာသဒ္ဒါ တတ်မြောက်မှုပိုင်းဆိုင်ရာမေးခွန်း ၆ မှတ်တန်လေ့ကျင့်ခန်းနှင့်အဖြေများကို ဆက်လက်ဖော်ပြသွားပေးပါမည်
လာရောက်လည်ပတ်လေ့လာမှုအတွက်အထူးကျေးဇူးတင်ပါသည်

Sunday, November 9, 2014

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးအတွက် အကြံပြုချက်များ
မြန်မာစာ
သဒ္ဒါ ပိုင်းအတွက်
၁ မူရင်းအရေးအသား ၈ ခု/ စာ ၈ စာ ကိုအပိုင်ကျက်ရပါမည်