အောက်ပါတို့ကို သချာင်္နာမ်စားအဖြစ်ဝါကျ၌ သုံးပြပါ
တစ်ခု သုံးစင်း အချို့
ဤမေးခွန်းကိုဖြေဆိုရာတွင် သတိပြုရမည့်အချက်များမှာ
ပေးထားသော စကားလုံး များသည် သချာင်္နာမ်စား အဖြစ် ရော သချာင်္နာမဝိသေသနအဖြစ်ရော သုံးနိုင်သည့် စကားလုံးများဖြစ်သည် ဝါကျအသုံးကိုလိုက်၍ အမျိုးအစားကွဲပြားသည်
ပေးထားသော စကားလုံးကို နာမ်ဖြင့်ကပ်မိပါက သချာင်္နာမဝိသေသန ဖြစ်သွားပေမည်
နာမ်စား အဖြစ် ဝါကျဖွဲ့ရာ၌ များသောအား ဖြင့် ပေးထားသော စကားလုံး၏ နောက်တွင် ကို အား မှာ စသည့် ဝိဘတ်များ ကပ်နေတတ်သည်
ဝါကျမှာ နှစ်ကြောင်းခွဲရေး၍လည်းရသည်
တစ်ကြောင်းတည်းကို စကားစပ်နှင့်ဆက်၍ ရေးလည်းရသည်
သာဓက
တစ်ခု
မမတွင် မုန့်နှစ်ခုရှိသည့်အနက် (တစ်ခု) ကို မောင်မောင်အားကြွေးလိုက်သည်
သုံးစင်း
မြစ်ကမ်းပါးတွင်သင်္ဘောများဆိုက်ကပ်လျက်ရှိသည်
(သုံးစင်း )မှာ စစ်သင်္ဘေများဖြစ်ကြသည်
အချို့
စာသင်ခန်းထဲတွင် ကျောင်းသားများရှိသည်
(အချို့ )မှာ စာကျက်နေကြသည်
Wednesday, November 12, 2014
နာမ်စား ဆိုင်ရာ မြန်မာသဒ္ဒာတတ်မြောက်မှုလေ့ကျင့်ခန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment